ADDING NEW SONGS

 

HOW TO ADD NEW SONGS TO KTV PLAYER …
[ စက်အတွင်းသို့ သီချင်းအသစ် ထည့်သွင်းခြင်း ]
စက်အတွင်းသို့ သီချင်းအသစ်များ မိမိကိုယ်တိုင် ထပ်ဖြည့်နိုင်ပါသည်။ USB Flash Drive ဖြင့် ဖြစ်စေ၊ USB Data Cable ဖြင့် ဖြစ်စေ မိမိကွန်ပျူတာအတွင်းမှ ကာရာအိုကေ သီချင်းအသစ်များကို Karaoke စက်ထဲသို့ အလွယ်တကူ ဖြည့်နိုင်ပါသည်။ အထူးသတိပြုရမည့် အချက်များမှာ-
(၁) ကာရာအိုကေ ဗွီဒီယို (အဆိုတော်အသံ ဘယ်ဖက်+ တီးလုံးသံ ညာဖက်) Vocal L + Music R ဖြစ်ရပါမည်။
(၂) ဗွီဒီယိုဖိုင်များသည် .DAT(VCD), .MPG, .AVI များဖြစ်ရပါမည်။
ဥပမာ- VCD အချပ် မှ ကာရာအိုကေသီချင်းများသည် .DAT format များ ဖြစ်သဖြင့် PC ထဲသို့ တိုက်ရိုက် သိမ်းနိုင်သည်။ DVD အချပ်မှဆိုလျှင် .VOB format ဖြစ်ပါသည်။ အင်တာနက်မှ Download လုပ်ထားပါက .MP4 သို့မဟုတ် .FLV များဖြစ်နိုင်ပါသည်။ ထိုသို့ဆိုလျှင် Video Converter Software တစ်ခုခုဖြင့် ဖိုင်များ ပြောင်းပေးရပါမည်။

အောက်ဖက် နည်း နှစ်မျိုးထဲမှ မိမိနှင့် အဆင်ပြေရာ တစ်နည်းရွေးပါ။

Click here by Cable ♦♦♦ Click here by USB transfer

{ Download User’s Song Sheet }

Free Video Converter Software

(Download and using them at your own risk)
အကြံပေးရန်အတွက်သာ ရှာဖွေ ဖေါ်ပြထားခြင်းဖြစ်ပါသည်။ အထက်ပါ converter များကိုသုံး၍ .MPG (VCD format, Frame: 352×240) ပြောင်းနိုင်ပါသည်။ မိမိ PC ထဲတွင်လည်း Video Converter များ ရှိမရှိ ရှာဖွေပါ။ အချို့ CD/DVD burner Software များတွင် ပါရှိတတ်ပါသည်။ Free Software များ Download လုပ်ခြင်း၊ အသုံးပြုရန် လေ့လာခြင်းများသည် မိမိတာဝန်သာ ဖြစ်ပါသည်။ Free Software များတွင် ကြော်ငြာများ၊ အခြားအပိုများတွဲ ပါတတ်ပါသည်။ နောက်ဆက်တွဲ ပြသနာများ အားလုံး တာဝန်မယူပါ။

[ By USB Flash Drive] or [By USB Data Cable]