Add New Songs by Cable

သီချင်းများကို USB Data Cable ဖြင့် ပြောင်းထည့်ခြင်း-

(၁) မိမိကွန်ပျူတာထဲတွင် Folder အသစ်တစ်ခုပြုလုပ်ပါ။ 60 ဟု နာမည်ပေးပါ။ မိမိထည့်ပြောင်းလိုသော ကာရာအိုကေ ဗွီဒီယိုများ အားလုံးကို ၎င်း Folder ထဲသို့ ပြောင်းသိမ်းပါ။ ဗွီဒီယို ဖိုင်များကို 001, 002, 003 စသဖြင့် အစဉ်လိုက် နာမည်ပေးပါ။

ထိုသို့ အစဉ်လိုက်နာမည်ပေးရခြင်းမှာ ဗွီဒီယိုများစက်ထဲသို့ ထည့်ပြီးလျှင် သီချင်းတန်းစီသည့် အခါ 60001 ဟု နှိပ်ပါက Folder 60 အတွင်းမှ ဗွီဒီယို 001 ပွင့်လာမည်ဖြစ်ပါသည်။ သီချင်းစာအုပ်ထဲမှ သီချင်းများ အားလုံးသည် ဂဏန်း ၅လုံးရှိပါသည်။ ပထမနှစ်လုံးမှာ Folder ကို ကိုယ်စားပြုပြီး နောက်ဆုံးသုံးလုံးမှာ ဗွီဒီယိုဖိုင်ကို ကိုယ်စားပြုပါသည်။ Folder တစ်ခုတွင် သီချင်း 1000 ထည့်နိုင်ပါသည်။ 60 Folder ပြည့်သွားလျှင် Folder 61 အသစ်လုပ်ပါ။
60 (Folder) + 001 (Video) = 60001 (Song number)
Folder 60 with Video files

(၂) USB cable ခေါင်း တစ်ဖက်ကို KTV စက်၏နောက်ဖက် USB (Connect to PC) အပေါက်တွင်တပ်ပါ။
Plug USB cable to back of KTV machine

(၃) ကျန်တစ်ဖက်ခေါင်းကို PC တွင် တပ်ပါ။ ခဏကြာလျှင် My Computer အောက်၌ KTV ဟုခေါ်သော Drive အသစ်တစ်ခု ပေါ်လာပါလိမ့်မည်။
KTV External Drive

(၄) PC ထဲ၌ ရှိသော ကာရာအိုကေ ဗွီဒီယိုများကို COPY ကော်ပီလုပ်၍ KTV စက်၏ Folder “60” ထဲသို့ PASTE လုပ် ကူးပေးပါ။
Copy & Paste

(၅) အားလုံးကူး ပြီးသွားလျှင် KTV စက်ကို ပိတ်ပါ။ USB ကြိုးကို နှစ်ဖက်လုံးမှ ဖြုတ်ပါ။ ခဏစောင့်ပြီး KTV စက်ကို ပြန်ဖွင့်ပါ။ ကူးယူထားသော သီချင်း အသစ်များ အလုပ် လုပ်မလုပ် စမ်းကြည့်ပါ။
Ready to Rock!

အားလုံးအဆင်ပြေလျှင် သီချင်းနံပတ်နှင့် နာမည်များကို User’s Song sheet တွင် ရေးမှတ်ပါ။
[ Download User’s Song Sheet ]

သီချင်းများ အလုပ်မလုပ်လျှင်-
(၁) ကူးထားသော ဗွီဒီယိုများ KTV စက်၏ Folder 60 အောက်တွင် ရှိမရှိ ပြန်စစ်ပါ။
(၂) ဗွီဒီယိုများ .MPG /.DAT / .AVI format များ မှန်မမှန် သေချာ ပြန်စစ်ပါ။