Add New Songs by USB Drive

[really_simple_share]
သီချင်းများကို USB Flash Drive ဖြင့် ထည့်ခြင်း-

(၁) မိမိကွန်ပျူတာထဲတွင်  Folder အသစ်တစ်ခုပြုလုပ်ပါ။ 60 ဟု နာမည်ပေးပါ။ မိမိထည့်ပြောင်းလိုသော ကာရာအိုကေ ဗွီဒီယိုများ အားလုံးကို ၎င်း Folder ထဲသို့ ပြောင်းသိမ်းပါ။ ဗွီဒီယို ဖိုင်များကို 001, 002, 003 စသဖြင့် အစဉ်လိုက် နာမည်ပေးပါ။

ထိုသို့ အစဉ်လိုက်နာမည်ပေးရခြင်းမှာ ဗွီဒီယိုများစက်ထဲသို့ ထည့်ပြီးလျှင် သီချင်းတန်းစီသည့် အခါ 60001 ဟု နှိပ်ပါက Folder 60 အတွင်းမှ ဗွီဒီယို 001 ပွင့်လာမည်ဖြစ်ပါသည်။ သီချင်းစာအုပ်ထဲမှ သီချင်းများ အားလုံးသည် ဂဏန်း ၅လုံးရှိပါသည်။ ပထမနှစ်လုံးမှာ Folder ကို ကိုယ်စားပြုပြီး နောက်ဆုံးသုံးလုံးမှာ ဗွီဒီယိုဖိုင်ကို ကိုယ်စားပြုပါသည်။ Folder တစ်ခုတွင် သီချင်း 1000 ထည့်နိုင်ပါသည်။ 60 Folder ပြည့်သွားလျှင် Folder 61 အသစ်လုပ်ပါ။
60 (Folder) + 001 (Video) = 60001 (Song number)
Folder 60 with Video files

(၂) မည်သည့်ဖိုင်မှ မပါသည့် USB Flash Drive အလွတ်တစ်ခုကို မိမိကွန်ပျူတာတွင် တပ်ဆင်ပါ။ ပြီးလျှင် သီချင်းများပါသည့် Folder 60 ကို USB Drive ထဲသို့ ကူးယူပါ။
Copy Folder 60 into empty USB Drive

(၃) ထို USB Drive ကို စက်၏ နောက်ဖက် Host USB အပေါက်တွင် တပ်ဆင်ပါ။
Plug USB Drive at the back of KTV player

(၄) Remote ပေါ်မှ Setup ကို နှိပ်၍ General > Karaoke Setup > Add Songs > Files Copy ကိုသွားပါ။
Setup Menu (Files Copy)

(၅) Remote ပေါ်မှ 2 ခလုတ်ကို နှိပ်၍ USB Source ကို ရွေးပါ။
Choose USB source

(၆) ခဏကြာလျှင် ဖိုင်ကော်ပီ စ လုပ်ပါမည်။ သီချင်းပုဒ်ရေ ပေါ်မူတည်၍ အချိန်ကြာပါမည်။ ပျမ်းမျှ တစ်ပုဒ်လျှင် တစ်မိနစ်ခန့် ကြာနိုင်ပါသည်။
Copying files into KTV

(၇) အားလုံးပြီးလျှင် ENTER ကိုနှိပ်ပါ။ STOP ကိုနှိပ်ပါ။ စက်ကိုပိတ်ပါ။ USB Drive ကို ဖြုတ်ပါ။ တစ်မိခန့်စောင့်ပြီး စက်ကိုပြန်ဖွင့်လျှင် သီချင်း အသစ်များဆိုရန် အသင့်ဖြစ်ပါပြီ။ သီချင်းအသစ် ခေါင်းစဉ်များ နှင့် နံပတ်များကို User’s Song Sheet တွင် ရေးမှတ်ထားပါ။
DONE!
[ Download User’s Song Sheet ]

သီချင်းများ အလုပ်မလုပ်လျှင်-
(၁) ကူးထားသော ဗွီဒီယိုများ KTV စက်၏ Folder 60 အောက်တွင် ရှိမရှိ ပြန်စစ်ပါ။
(၂) ဗွီဒီယိုများ .MPG /.DAT / .AVI format များ မှန်မမှန် သေချာ ပြန်စစ်ပါ။